RSS

Category Archives: သဘာဝတရားရိပ်သာ

2013 Singapore Meditation and Dhamma Dialogues by Venerable Sayadaw U Ottamasara

2013 Singapore Meditation and Dhamma Dialogues

by Venerable Sayadaw U Ottamasara

7-Days Retreat Time Table

Date  :  8th to 14th March 2013

Time for Meditation Practice and QA

7:30am  to  9:00am

9:30am  to  11:00am

1:30pm  to  3:00pm

3:30pm  to  5:00pm

7:30pm  to  9:00pm

Language

English & Myanmar

Venue For All Sessions

Stoneboat Second Level

Chinese Garden

1 Chinese Garden Rd, Singapore 619795

(EW 25 Chinese Garden MRT station. Chinese Garden is open from 6:00am to 10:00pm.)

Contact

92211138 (Sayadaw) or 84216003 (Shwe Pyi Soe) or

91595545 (U Aung Soe) or 96429907 (Ni Ni/Michelle).

Information

To acquire simple and practical knowledge on Insight Meditation.

All are welcomed, beginners or otherwise.

No gender, age or racial restriction.

Free and easy approach.

You can join any session of the day.  No restriction.

Be comfortable and conservative in your attire – any colour will do.

No fee.  Free of charge.

All donation will go to Thabarwa Centre’s fund.

For more information, please visit

https://thabarwa.wordpress.com/ ’ or

http://www.thabarwa-nmc.blogspot.com/’ or

‘Thabarwa-Centre’ facebook.

 

Tags:

၂၀၁၃ ခုနှစ် မလေးရှား နှင့် စင်ကာပူ နိုင်ငံ ခရီးစဉ်

၂၀၁၃ ခုနှစ် မလေးရှား နှင့် စင်ကာပူ နိုင်ငံ ခရီးစဉ်

သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရ ၏ ၂၀၁၃ မလေးရှား နှင့်  စင်ကာပူ နိုင်ငံ

နိုင်ငံခြား သာသနာပြု ခရီးစဉ် အကြောင်းကြား ကြေညာချက်

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ သည် ၂၀၁၃ ခု ဖေဖေါ်ဝါရီလ ၂၀ ရက်မှ မတ်လ ၁၉ ရက်နေ့ထိ မလေးရှားနိုင်ငံ ပီနန်မြို့၊ ကေအယ်လ်မြို့ နှင့် စင်္ကာပူနိုင်ငံ များတွင် တရားစခန်း နှင့် တရားပွဲများ ကျင်းပကာ ဆင်းရဲချုပ်ရာအမှန်လမ်း နိဗ္ဗါန်ရောက်ကြောင်း သစ္စာတရားများကို ဟောကြားပြသ သင်ကြားပေမည် ဖြစ်ပါကြောင်း နိဗ္ဗါန်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။

ဆရာတော် တရားစခန်းကျင်းပမည့်ရက်၊ ကျင်းပမည့်နေရာများကို လွယ်ကူစွာသိရှိနိုင်ရန် အတွက် ခရီးအစီအစဉ်ကို ဇယားကွက်ဖြင့် ဖော်ပြထားပါသည်။

မေတ္တာဖြင့်
စိုးဝင်းထွဋ်

www.thabarwa-nmc.blogspot.com
www.thabarwa.org
www.thabarwa.wordpress.com
http://onlymiddleway.multiply.com
http://realenlightenment.multiply.com

2013 Dhamma Duta Trip Schedule of Thabarwa Sayadaw U Ottamasara

 (As at 12th February 2013)

Date

Programme

20th February 2013

Arrival KL LCCT Airport from Yangon by Airasia Flight AK 1425.

Arrival Time : 2130 hrs (9.30 pm KL time).

Proceed to RatanaRama Buddhist   Temple.

Sayadaw U Ottamasara’s Malaysia mobile : 60-183123019

20th to 23rd February 2013

PJ   (Malaysia)

RatanaRama Buddhist Temple

SS2/72, Petaling Jaya, PJ 47300, Selangor.

23rd February 2013

Departure PJ for Penang (Bodhi Heart Sanctuary).

Departure Time  :    early morning

23rd to 28th February 2012

Penang   (Malaysia)

Bodhi Heart Sanctuary, 677-G, Jalan Mt Erskine,

10470 Tanjung Tokong, Penang.

Note : 5-days Vipassana Insight   Meditation Retreat at Bodhi Heart Sanctuary.

1st March 2013

Departure Penang for KL (Chempeka   Buddhist Lodge).

Departure Time  :    early morning

1st to 6th March 2013

KL   (Malaysia)

Chempeka Buddhist Lodge, No.60, Jalan   SS23/25, Taman Sea Petaling Jaya 47400, Kuala Lumpur.

Note :  5-days Vipassana Insight Meditation Retreat   at Chempeka Buddhist Lodge.

7th March 2013

Departure KL for Singapore (Contact :   65-96429907).

Departure Time  :  to   be confirmed.

7th to 17th March 2013

Singapore

Thabarwa Sayadaw U Ottamasara will be   staying at Blk 689 #10-213 Jurong West Central 1, Singapore 640689 (mobile : 65-96429907).

Note :  The venue for meditation sessions : to be   confirmed.

17th March 2013

Departure Singapore for PJ   (RatanaRama Buddhist Temple).

Departure Time  :    early morning

17th to 19th March 2013

PJ   (Malaysia)

RatanaRama Buddhist Temple

SS2/72, Petaling Jaya, PJ 47300   Selangor.

19th March 2012

Departure KL LCCT Airport for Yangon   by Airasia Flight AK 1424.

Arrival Time : 1540 hrs (3.40 pm KL   time).

Contact Persons

1.     Sayadaw U Ottamasara

         Mobile (Malaysia)  :  60-183123019

         Mobile (Singapore)  :  65-96429907

         email  :  mtsm45@gmail.com  (or)  thabarwa.nmc@gmail.com

2.     Overall In-charge

         Soe Win Htut                       email  :  soewinhtut1977@gmail.com

3.     For Malaysia

         Ni Ni Aung                            email  :  niniaung14@gmail.com

3.     For Singapore

         U Aung Soe                          email  :  uaungsoee@gmail.com

         Maw Maw Than                 email  :  mawbathan@gmail.com

Life Broadcast

During 2013 Dhamma Duta trip (in Malaysia and Singapore), life streaming of daily Vipassana Insight Guided Meditation Sermons, teaching of Thabarwa Sayadaw U Ottamasara will be broadcasted 3-times a day, in the morning, afternoon and night; either in English or Myanmar language at :

mtsm45’s Justin TV channel : http://www.justin.tv/mtsm45/

and/or

Thabarwa’s U-tube channel : http://www.youtube.com/user/ThaBarWa

 

Schedule dated 12th February 2013

 

Tags:

၆ ထပ် – လူမမာဓမ္မာရုံ ဆောက်လုပ်မည်

Dec 4, ’11 11:13 AM

လူမမာဓမ္မာရုံ ဆောက်လုပ်မည်

သန်လျင်သဘာဝရိပ်သာတွင် ဆေးရုံ facilities များဖြင့် ဆောက်လုပ်မည်ဖြစ်သော

၆ ထပ် – လူမမာဓမ္မာရုံ

စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်ဖြင့် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူဖြစ်ပါစေ …….ဘာသာ-လူမျိုးမရွေး ကူညီစောင့်ရှောက်ပေးလျှက် ခန္ဓာဥာဏ်ရောက်သစ္စာတရားများကို ဟောပြောရှင်းပြကာ ပြဿနာဖြေရှင်းနည်းအစစ်ကို နားလည်အောင် သင်ကြားပြသပေးနေသူ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏ သန်လျင်သဘာဝရိပ်သာတွင် လာရောက်တရားအားထုတ်သူ ယောဂီများ တစ်နေ့ထက်တစ်နေ့ များပြားလာသလို၊ ဆရာတော်ဟောကြားသော သစ္စာတရား (အနတ္တဆေး) ကို သောက်သုံးရန် ခိုလှုံလာသော လူမမာများသည်လည်း တစ်နေ့ ထက် တစ်နေ့များပြားလျှက်ရှိပါသည်။

၂၀၁၁ နိုဝင်ဘာလ စာရင်းအရ လူကောင်း လူမမာယောဂီ စုစုပေါင်း ၇၀၀ နှင့် ၈၀၀ ကြား ခန့်ရှိလေသည်။

ယခုအခါ လူမမာ ယောဂီများကို ပိုမို စနစ်တကျ ကောင်းမွန်စွာ ကျန်းမာရေး အတွက် စောင့်ရှောက်ရန် အလို့ငှာ ၆ ထပ် – လူမမာဓမ္မာရုံ ကို အောက်ပါ ပုံအတိုင်း ဆေးရုံ facilities များဖြင့် သီးသန့်ဆောက်လုပ်မည်ဖြစ်ပါသည်။

လောဘ-ဒေါသ-သောကများ နှင့် စိတ်အလိုအတိုင်း အလွန်အကျွံပြုမိရာမှ ဖြစ်လာသော ရောဂါရလာသော လူမမာသည်များကို သဘာဝတရားရိပ်သာတွင် ခွဲခြားဆက်ဆံခြင်းမပြုဘဲ…..သစ္စာတရားများ နားလည်ဖို့ကိုသာ အဓိကထားပါသည်။

ရောဂါဝေဒနာများကို အဟုတ်ထင် ငြိတွယ် စိတ်ထဲ အဓိကထား ခံစားနေမှုများကို စွန့်လွှတ်တတ်စေရန်သာ အဓိကထားသင်ပြပေးလျှက်ရှိပါသည်။

သို့သော် သစ္စာတရား နားလည်အောင် ကြိုးစားမှုနှင့်အတူ ထပ်မံပြီး လောကဓါတ်ဆေး၊ တိုင်းရင်းဆေး၊ တရုတ်ဆေးများဖြင့် ဆေးကုသမှုကို ခံယူလိုသူ လူမမာများအတွက်လည်း စိတ်ချမ်းသာမှုရှိစေရန် နာတာရှည်လူမမာများအတွက် ဦးစားပေး ရည်ရွယ်ကာ ၆ ထပ် – လူမမာဓမ္မာရုံ ကို သန်လျင်သဘာဝရိပ်သာတွင် ဆေးရုံ facilities များဖြင့် ဆောက်လုပ်မည်ဖြစ်ပါသည်။ ……

အခွင့်အရေးထူးတစ်ရပ်ဖြစ်သည့် လူမမာများ ရောဂါသည်များ… မိမိ ရောဂါအခြေ အနေပေါ်မူတည်ပြီး flexible ဖြစ်သော မိမိကိုယ်ပိုင်အချိန်ဇယားဖြင့် သန်လျင်သဘာဝရိပ်သာတွင် သစ္စာတရားများကို မိမိ စိတ်တိုင်းကျ နာကြားခွင့် အားထုတ်ခွင့်ရကြမည်ဖြစ်ပါကြောင်း အများနတ်လူ သာဓုခေါ်နိုင်ရန် အသိပေး ကြေညာအပ်ပါသည်။

 

Tags:

အားလုံးအတွက် သဘာဝတရားရိပ်သာ

Sep 23, ’11 12:02 AM

အားလုံးအတွက် သဘာဝတရားရိပ်သာ     

သဘာဝတရားရိပ်သာ (သို့) အားကိုးရာအစစ်ကို ရှာဖွေသူများအတွက်

၁) သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆၀ ကျော် ကျယ်ဝန်းပါသည်။

၂) သဘာဝတရားရိပ်သာသည် ဘုရားရှင်၏ သာသနာကျယ်ပြန့်ဖို့ ဘုရားရှင်ကို နမူနာယူပြီး တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်ပါသည်။

၃) တရား ရိပ်သာ အဖြစ် ၀ိပဿနာ-ပရိပတ်လုပ်ငန်းကို အဓိကထားသင်ကြားပေးသည့်အပြင် – တရားအားကိုးချင်သော်လည်း အခြားရိပ်သာများမှ လက်မခံ နိုင်သော သက်ကြီး ရွယ်အိုများ၊ လူမမာများကိုပါ ကူညီစောင့်ရှောက် ပေးသောနေရာဖြစ်သဖြင့် သက်ကြီးရွယ်အိုများ၊ အဖေါ်မဲ့ အထီးကျန် ခိုကိုးရာမဲ့များ မှီခို အားထား ရာ နေရာ ဖြစ်ပါသည်။

၎) တရားအားထုတ်သဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ အတွက်လည်း ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ ဒုက္ခိတများ၊ မျက်မမြင်များ၊ ဆရာဝန်လက်လျော့သော ကင်ဆာရေဂါသည် နှင့် အခြားဝေဒနာသည်များ၊ အိပ်ယာထဲလဲနေသူများ၊ ပင်စင်စားများ စိတ်သက်သာ အေးချမ်းစွာ တရားရိပ်ခိုလှုံရာ နေရာ ဖြစ်ပါသည်။

၅) အဓိကလိုအပ်ချက်များဖြစ်သော စားဝတ်နေရေးနှင့် ကျန်းမာရေး ပြဿနာများ ပြေလည်စေရန် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဖြေရှင်း ပေးထားသောကြောင့် လူကြီးလူငယ် မရွေး၊ လူမမာ များပါမကျန် တရား အလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်နိုင်သော နေရာဖြစ်ပါသည်။

၆) ဘုရားသာသနာ၏အနှစ်သာရဖြစ်သော မှန်ကန်သည့်မဂ္ဂင် အကျင့်စစ်ကို နားလည်အောင် အမှန်တကယ် ကြိုးစားအားထုတ် နေသူများ၏ စုဝေးရာနေရာလည်းဖြစ်ပါသည်။

၇) အိုးပစ် အိမ်ပစ်ဖြင့် ရိပ်သာတွင် အပြီးနေထိုင်ပြီး တရားအလုပ်ကို ဇောက်ချလုပ်နေသူများလည်း အများအပြားရှိပါသည်။ ဘုရားရှင် ကျင့်စေချင်သည့် လိုရင်း (ဓမ္မာနုပဿနာထိ) ရောက်အောင် ကျင့်ကြံအားထုတ် တတ်စေရန် အကူအညီ ပေးနေသောနေရာလည်းဖြစ်ပါသည်။

၈) ထက်သန်သောစေတနာရှင်အများအပြား၏ လှူဒါန်းငွေများဖြင့် လိုအပ်သူများကို လိုအပ်သလို ကောင်းမှုကုသိုလ်ပြုရာ နေရာလည်း ဖြစ်ပါသည်။

၉) ရိပ်သာမှ အစစအရာရာ အခမဲ့ကူညီမှုအပြင် ပြင်ပမှ အလှူရှင် များ၏ မကြာမကြာ လာရောက်လှူဒါန်းမှုနှင့် ယောဂီအချင်းချင်း မိသားစုလို ၀ိုင်းဝန်း ကူညီ ထောက်ပံ့မှုတို့ကြောင့် ဆွေမျိုးရင်းချာ အမာခံ ထောက်ပံ့မည့်သူ မရှိလျှင်လည်း အဆင်ပြေသော နေရာဖြစ်ပါသည်။

၁၀) တရားအားထုတ်သောယောဂီတိုင်း၏ စားဝတ်နေရေး၊ ကျန်းမာရေး နှင့် စိတ်ချမ်းသာရေးတို့ကို တရားအလုပ်ဖြင့် ၀ိုင်းဝန်း ကူညီ ဖြေရှင်းပေး နေသည့် ဤသို့သောနေရာတစ်ခု ရှိနေခြင်း ကြောင့် မြန်မာပြည်သူ ပြည်သားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေနိုင်ရေး အတွက် အားကြီး သော အကူအညီ အထောက်အပံ့ တစ်ရပ်လည်း ဖြစ်ပါသည်။

၁၁) အများအကျိုး ဆောင်ရွက်သော်လည်း အများအကျိုးဆောင် လုပ်ငန်းက အဓိကမဟုတ်ဘဲ တရားနားလည်စေဖို့ အဓိကထားပြီး ကူညီပေးခြင်း ဖြစ်ပါသည်။ အပေါ်ယံ ဘာသာရေးမဟုတ်သည့် အပြင် ပရိပတ် ကျင့်ကြံအားထုတ်မှုကိုသာ အဓိကထားသဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘက် ယိုင်သွား၊ နွယ် သွားစရာအကြောင်း လုံးဝမရှိပါ။ တရားအလုပ်ဖြင့် ဘုရားရှင်၏ ပဋိပတ္တိသာသနာကျယ်ပြန့်လာစေသည် နှင့်အမျှ လူအများစိတ်လွတ်လပ်ပေါ့ပါး ငြိမ်းချမ်းရေး အတွက်လည်း ထိရောက်စွာ အကူအညီပေးလျှက် ရှိပါသည်။

၁၂) ရိပ်သာသို့ရောက်လာလျှင် ပိုက်ဆံစွဲ၊ ပညာစွဲ၊ ဂုဏ်ပကာသနစွဲ၊ မာန်မာနစွဲများ လျော့နည်းသွားခြင်းကြောင့် စိတ်အေးချမ်း သက်သာမှု ရှိကြသဖြင့် ရိပ်သာ နေယောဂီများ များပြားခြင်းဖြစ်ပါသည်။ ရိပ်သာသို့ သေသေချာချာ လာရောက်လေ့လာသူတိုင်း အမှန် တကယ်စေတနာ အပြည့်ဖြင့် အများအကျိုးဆောင် ရွက်နေခြင်း ဖြစ်ကြောင်း နားလည် သွားကြသည် ချည်းသာဖြစ်ပါသည်။

၁၃) သဘာဝတရားရိပ်သာသည် မြန်မာပြည်တွင် သာမက ကမ္ဘာ ပေါ်တွင်ပါ ရှားပါးနေသေးသည့် လူတိုင်းပါဝင်၍ အားကြီးသော ကုသိုလ် ကောင်းမှုများ ပြုလုပ်နိုင်သောနေရာဖြစ် ပါသည်။ နိုင်ငံရပ်ခြားအချို့ တွင်ပါ ထိုသို့သောရိပ်သာနေရာမျိုး ဖြစ်ပေါ်လာစေရန် ဆန္ဒရှိနေ ကြပါသည်။

၁၄) စေတနာဖြင့်လှူဒါန်းထားသောနေရာများနှင့် စီးပွားရေး၊ ကျန်းမာရေး အခက်အခဲများကြောင့် အကူအညီပေးပါရန် တောင်းပန်သူ များ၏ ပြန်လည်ရောင်းချသော မြေနေရာများကိုသာ တရားအားထုတ်ရန် အများပိုင်ရိပ်သာ နေရာအဖြစ် အသုံးချထားခြင်းဖြစ်ပါသည်။ ရိပ်သာဝင် ယောဂီများမှာလည်း သူတို့စေတနာ အလျောက် လာရောက်အားထုတ် ကြခြင်းသာဖြစ်ပြီး ရိပ်သာတွင် လူမမာယောဂီများအပါအ၀င် – ယောဂီ ဦးရေ ၄၀၀ မှ ၅၀၀ ပုံမှန် တရားအားထုတ်နေကြပါသည်။

၁၅) တရားအားကိုးပြီး စားဝတ်နေရေး အပါအ၀င် ပြဿနာမျိုးစုံကို ဖြေရှင်းခြင်းသည် ဘုရားရှင်ကိုယ်တိုင် လမ်းပြသွားသော မှန်ကန်သည့် အလုပ်ဖြစ်သဖြင့် ရေရှည်တွင် ပြဿနာအားလုံး အမြစ်ပြတ် အဆင်ပြေ သွားမည်သာဖြစ်ပါသည်။ ယာယီအားဖြင့်လည်း တာဝန်ယူနိုင်သူများဖြင့် ၀ိုင်းဝန်းကြီးကြပ် ဖြေရှင်းပေးလျှက်ရှိပါသည်။

၁၆) ရက်အကန့်အသတ်မရှိ အချိန်ပြည့်ဖွင့်လှစ်သည့်ရိပ်သာဖြစ်ပါသည်။

၁၇) ဆွမ်းစရိတ်ပေးရန်မလိုပါ။

၁၈) အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစား ကန့်သတ်ချက်မရှိပါ။

၁၉) ဘ၀ နောက်ဆုံးခရီးထိ လိုအပ်လျှင် လိုအပ်သလို ရိပ်သာမှ အစစအရာရာ တာဝန်ယူပေးပါသည်။

သန်လျင်သဘာဝရိပ်သာ
ကျိုက်ခေါက်ဘုရားအနီး (တာဝတက္ကသိုလ်အနီး)
ညောင်ပင်မှတ်တိုင်၊ ရွှေပေါ်ကျွန်းမုဒ်ဦးမှဝင်ပါ။
သန်လျှင်မြို့နယ်၊ ရန်ကုန်။

သန်လျင်သဘာဝရိပ်သာနှင့်ပတ်သက်ပြီး ယောဂီအများ၏ documentary မှတ်တမ်းမှတ်ချက်များ။
ebook ဒေါင်းလုပ်ရန်။
www.mediafire.com/?c8id49t48yywkcp

(ယခုအခါ သန်လျင်သဘာဝရိပ်သာတွင် လူမမာများအတွက် သီးသန့် လူမမာဆောင်များ ကို ဆောက်လုပ်မည်ဖြစ်ပါသည်။)

 

Tags:

သဘာဝတရားရိပ်သာ(သံလျှင်မြို့နယ်)

Nov 23, ’10 11:34 PM

သဘာဝတရားရိပ်သာ(သံလျှင်မြို့နယ်)

သဘာဝတရားရိပ်သာ
(ကျိုက်ခေါက်ဘုရားအနီး၊ သံလျှင်မြို့နယ်)

၁။ တရား အားထုတ်သောအလုပ်ကိုသာ အဓိကထားရာနေရာ

သဘာဝတရားရိပ်သာသည် ဗုဒ္ခမြတ်စွာ-ဘုရားရှင်ကိုနမူနာယူပြီး ဘုရားရှင်၏ သာသနာ ကျယ်ပြန့်ဖို့ တရား အားထုတ်သောအလုပ်ကိုသာ အဓိကထားသော ရိပ်သာဖြစ်ပါသည်။ လူကြီးလူငယ်မရွေး၊ လူမမာပါမကျန် တရားအလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်နိုင် စေရန်အတွက် လိုအပ်သော စားဝတ်နေရေးနှင့် ကျန်းမာရေး ပြဿနာများကိုပြေလည်အောင် အခမဲ့ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသောနေရာဖြစ်ပါသည်။

တတ်နိုင်သူ စေတနာရှင် အများအပြား၏ စင်ကြယ်သော ငွေများဖြင့် လိုအပ်သောသူများကို လိုအပ်သလို ကုသိုလ်ကောင်းမှု ပြုရာ နေရာလည်းဖြစ်ပါသည်။

၂။ သက်ကြီးရွယ်အိုများ၊ အထီးကျန်ခိုကိုးရာမဲ့များ၊ လူမမာများ၊ ဒုက္ခိတများအတွက် တရားခိုလှုံရာနေရာ

သက်ကြီးရွယ်အိုများ၊ အထီးကျန်ခိုကိုးရာမဲ့များ၊ လူမမာများ၊ ဒုက္ခိတများ၊ ပင်စင် စားများ စိတ်သက်သာ အေးချမ်းစွာဖြင့် တရားရိပ်ခိုလှုံရာနေရာဖြစ်ပါသည်။ တရား အားကိုးတာချင်သော်လည်း အခြားရိပ်သာများမှ လက်မခံနိုင်သောသက်ကြီးရွယ်အိုများ၊ လူမမာ များကိုပါ ကူညီစောင့် ရှောက် ပေးသောနေရာဖြစ်ပါသည်။ ရိပ်သာမှ အစစအရာရာ အခမဲ့ကူညီမှုအပြင် ပြင်ပမှ စေတနာရှင်များကလည်း မကြာမကြာ လာရောက် လှူဒါန်း ကြပါသည်။ ယောဂီအချင်းချင်း မိသားစုလို ၀ိုင်းဝန်း ကူညီ ထောက်ပံ့မှုကြောင့် ဆွေမျိုးရင်းချာ မရှိသော သူများအတွက်လည်း ပူပင်စရာမလို သောနေရာဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ဆိုးပေ နေသူများကိုလည်းချန်မထားဘဲ ဒါန-သီလ-ဘာဝနာတရား အလုပ်များကို တတ်စွမ်းသမျှ ပြုလုပ်ကြစေရန် ကူညီ လမ်းဖွင့် ပေးထားခြင်းဖြင့် ဗုဒ္ဓဘာသာသာသနာ ကျယ်ပြန့်စေရန်အတွက် ဒါန၊သီလ၊ဘာဝနာတရားအလုပ်ဖြင့် အဖက်ဖက်က ၀ိုင်းဝန်းကူညီ ဖြေရှင်းနေခြင်းသာ ဖြစ်ပါသည်။

၃။ မှန်ကန်သော မဂ္ဂင်အကျင့်ကို နားလည်အောင် အားထုတ်နေသူများ၏ စုဝေးရာ နေရာ

သဘာဝတရားရိပ်သာသည် ဘုရားရှင်၏အမွေဖြစ်သော မှန်ကန်သောမဂ္ဂင်အကျင့်ကို နားလည်အောင် ကြိုးစား အားထုတ်နေသူများ၏ စုဝေးရာနေရာဖြစ်ပါသည်။ ရိပ်သာတွင် တရားဟော တရားပြသကြသော ဆရာများမှာလည်း ဘုရားရှင်ကျင့်စေချင်သည့် လိုရင်းရောက်အောင် ကိုယ်တိုင်အားထုတ်ခဲ့ကြပြီး လူအများကိုလည်း မဂ္ဂင်အကျင့်လိုရင်း ရောက်သည်အထိ နားလည်အောင် ပြန်လည်ကူညီခြင်းဖြစ်ပါသည်။ အပေါ်ယံကျင့်ကြံ အားထုတ်ဖို့ကလွယ်သော်လည်း နက်နက်နဲနဲ လိုရင်းရောက်အောင် ကျင့်ကြံအားထုတ်ဖို့က ခက်ခဲပါသည်။

၎။ တရားအဓိကထား၍ အများအကျိုးဆောင်ရွက်မှု

ရိပ်သာသို့ရောက်လာလျှင် တရားရိပ်ကြောင့် ပူလောင်မှုများ၊ အစွဲများလျော့နည်း သွားပြီး စိတ်အေးချမ်းသက်သာမှုရှိကြသဖြင့် ရိပ်သာနေယောဂီများ များပြားခြင်းဖြစ်ပါသည်။

ရိပ်သာသို့ လာရောက်လေ့လာသူတိုင်း တရားကိုသာအဓိကထား၍ အများအကျိုးဆောင်ရွက် နေခြင်းဖြစ်ကြောင်း နားလည်သွားကြပါသည်။ အများအကျိုးဆောင်ရွက်သော်လည်း အများအကျိုး ဆောင်လုပ်ငန်းက အဓိကမဟုတ်ဘဲ တရားနားလည်စေဖို့ အဓိကထားပြီး ကူညီ ပေးခြင်း ဖြစ်ပါသည်။

မြို့နယ်သံဃာ့နာယက အဖွဲ့မှလည်း သဘာဝတရားရိပ်သာ၏ လုပ်ရပ်များ ကို ကိုယ်တိုင် ကြုံတွေ့ နားလည်လက်ခံကြပါသည်။ အဖက်ဖက်မှကူညီစောင့်ရှောက်မှုများကြောင့် ဘုရားရှင်၏ ၀ိပဿနာသာသနာကျယ်ပြန့်လာစေပြီး လူအများစိတ်ငြိမ်းချမ်းစွာနေနိုင်ရေး အတွက် အကူအညီ အထောက်အပံ့ဖြစ်စေပါသည်။

၅။ အားကြီးသောကုသိုလ်ကောင်းမှုများ ပြုလုပ်ရာနေရာ

သဘာဝတရားရိပ်သာသည် မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်တွင်ပါ ရှားပါး နေသေးသည့် ဗုဒ္ဓဘာသာဝင်များ၏ အားကြီးသောကုသိုလ်ကောင်းမှုများ ပြုလုပ်ရာနေရာ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားအချို့တွင်ပါ ထိုသို့သော ရိပ်သာနေရာမျိုး ဖြစ်ပေါ်လာစေရန် ဆန္ဒရှိနေကြပါသည်။ ဗုဒ္ဓဘုရားရှင် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကိုယ်ကျိုးစွန့်အနစ်နာခံ ရှာဖွေဖော်ထုတ်ပေးခဲ့သော မဂ္ဂင်တရားကိုသာ စိတ်သက်သာ အေးချမ်းစွာလုပ်စေလိုသော ရိပ်သာအကျိုးတော်ဆောင်များ ၏ကြီးမားသည့် စေတနာကို နားလည်ပေးစေချင်ပါသည်။

၆။ ရိပ်သာမြေနေရာအားလုံးသည် အမြဲတရားကိုအားကိုးလိုသော ခိုကိုးရာမဲ့သူ များ အတွက်သာ

သက်ကြီးရွယ်အိုများအပြင် အိုးပစ်အိမ်ပစ်ဖြင့် ရိပ်သာတွင်နေထိုင်ပြီး တရားအလုပ် ကိုသာ ဇောက်ချလုပ်နေသူများ အတွက်လည်း အိမ်ပြန်ရန် အခက်အခဲရှိနေပါသည်။ ထိုသို့သော တရားသမား စစ်စစ်များ၏ ခိုကိုးရာနေရာ နှင့် တရားအလုပ်ကို ရေရှည်ရပ်တည်လုပ်ကိုင်နိုင်စေရန် ရိပ်သာမှ ကူညီဆောင်ရွက်ပေးနေပါသည်။

အဆောက်အဦများကို ခွင့်ပြုချက် မတောင်းခံပဲ ဆောက်လုပ်ခြင်း မဟုတ်ဘဲ တောင်းခံ ထားသော ခွင့်ပြုချက်ကို စောင့်ဆိုင်းရင်း များများလာသော ယောဂီများ၏ နေရာအခက်အခဲအတွက် လည်းကောင်း၊ စောင့်ရှောက်သူမဲ့ ခိုကိုးရာမဲ့ လူမမာ-ယောဂီများအတွက် တကယ့်လိုအပ်ချက် ကြောင့်လည်းကောင်း စေတနာရှင်များ၏အလှူငွေများဖြင့် ဆက်ဆောက်ဖြစ်ခြင်း ဖြစ်ပါသည်။

အစိုးရပိုင်မြေ၊ သူများပိုင်မြေပေါ်တွင် ကျူးကျော်ရိပ်သာဆောက်ခြင်း မဟုတ်ဘဲ စေတနာဖြင့် လှူဒါန်းထားသောနေရာများနှင့် စီးပွားရေး၊ ကျန်းမာရေးအခက်အခဲများကြောင့် အကူ အညီပေးပါရန်တောင်းပန်သူများ၏ ပြန်လည် ရောင်းချသော မြေနေရာများကိုသာ အများ တရားအားထုတ်ရန်နေရာအဖြစ် အသုံးချ ထားခြင်း ဖြစ်ပါသည်။ ရိပ်သာဝင်ယောဂီ များမှာလည်း သူတို့စေတနာအလျောက် လာရောက် အားထုတ်ကြခြင်းဖြစ်ပါသည်။ လူမများ များအောင် စုစည်းထားခြင်း လုံးဝ မဟုတ်ပါ။

၇။ ရိပ်သာတွင် တရားအားကိုးလျှက် အများအကျိုးအတွက် ကူညီလုပ်ကိုင်လိုသူ များလိုအပ်

သဘာဝတရားရိပ်သာသည် တရားအားကိုးလိုသူဦးရေများပြားသော်လည်း လိုအပ်သလို ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးနေသော ငယ်ရွယ်သန်စွမ်းသူ အနည်းငယ်သာရှိပါသည်။ ယောဂီများထဲမှ အိုမင်း မစွမ်း၊ မှီခိုရာမဲ့၊ ဒုက္ခိတနှင့် ရောဂါသည်များ၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သဘာဝတရားရိပ်သာ၏အမြဲနေယောဂီများထဲမှ သက်ကြီးရွယ်အိုနှင့်လူမမာများစာရင်း

ကျား မ
– သက်ကြီးရွယ်အိုခိုကိုးရာမဲ့ ၂၄ ၈၂
– လူမမာ ၁၅ ၆၃
– ဒုက္ခိတ ၅ ၃
– မျက်မမြင် ၃ ၁
– စိတ်ဝေဒနာရှင် ၂ ၅
– သက်ကြီးရွယ်အိုနှင့်လူမမာများ စောင့်ရှောက်ရန် ၁၀ ၃၀
– သန့်ရှင်းရေး၊ချက်ပြုတ်ရေး ၁၅ ၁၅
စုစုပေါင်း ၇၄ ၁၉၉
(အားလုံးပေါင်း=၂၇၃)

(မှတ်ချက်။ ၂၀၁၀ အောင်တိုဘာလ အထိ စာရင်းဖြစ်ပါသည်။ နားလည်မှုလွဲမှားမှုကြောင့် သံလျှင်သဘာဝရိပ်သာ အား တိုင်ကြားမှုများအတွက် အမှန်အတိုင်း သိစေနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

ရိပ်သာ၏ မဂ္ဂင်တရားကို အဓိကထားလျှက် အများအကျိုးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို www.flickr.com/photos/ottamasara နှင့် http://realenlightenment.multiply.com/photos တို့တွင် ကြည့်ရှုနိုင်ပါသည်။)

အကျိုးတော်ဆောင်အဖွဲ့
သံလျှင်သဘာဝရိပ်သာ

 

Tags: